မင်းဘူး  ၂၈  နိုဝင်ဘာ

ကျောင်းသား ကျောင်းသူများအား မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အထက(၂)ကျောင်း၌ ပြုလုပ်ခဲ့သည်။

 

3086

 

ဟောပြောပွဲတွင် အထက(၂)ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး နယ်ထိန်း(အရာရှိ)ဒုရဲအုပ် ကျော်ငြိမ်းက မှုခင်းလျော့နည်းကျဆင်းရေး၊ ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများ မဖြစ်ပွားစေရေးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ရှင်းလင်းဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။ 

 

87

 

ထို့နောက် မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်က သက်ငယ်မုဒိမ်းမှု/ မုဒိမ်းမှုခင်းလျော့နည်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မှုခင်းများ လျော့နည်း ကျဆင်းစေးရေးအတွက် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာနှင့်အညီ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီး ကျောင်းသားသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ 

ဟောပြောပွဲသို့ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ အထက(၂)ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)