မြင်းမူ ၂၈  နိုဝင်ဘာ

မြေဆီလွှာနှင့် ရေနမူနာအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်းနှင့် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်းများ ပိုမိုသိရှိပြီး လက်တွေ့ အသုံးချနိုင်ရေးအတွက် နည်းပညာပေးခြင်းကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မြင်းမူမြို့  စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 

3652

 

“ကျွန်မတို့ စိုက်ပျိုးရေးဌာနက ဝန်ထမ်းတွေနဲ့အတူ ဒေသခံတောင်သူတွေအတွက် လက်တွေ့နယ်ပယ်မှာ စိုက်ရေးပျိုးရေး အတွက် နည်းပညာတွေ ပိုမိုရရှိအောင် အခုလို အသိပညာပေးခြင်းနဲ့ လက်တွေ့ပြသပေးခြင်းဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ချိုချိုမာက ပြောသည်။

 

92

 

မြေဆီလွှာ စစ်ဆေးခြင်းနှင့် ရေနမူနာ ဓာတ်ခွဲစစ်ဆေးခြင်းအပြင် ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲခြင်းဖြင့် ထွက်ရှိလာသော   သီးနှံများ အရည်အသွေး ပိုမိုကောင်းမွန်ကာ ဈေးကောင်းများရရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံတောင်သူများအတွက် အတွေ့အကြုံကောင်းများရရှိကြောင်း ဝမ်းပြည့်ကျေးရွာမှ ဒေသခံတောင်သူ ဦးအေးက ပြောသည်။

အဆိုပါ လက်တွေ့နည်းပညာပေးပြပွဲသို့   စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံလယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင် သူများ စုစုပေါင်း (၅၁)ဦး တက်ယောက်ခဲ့ကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)