နေပြည်တော် ၂၈ နိုဝင်ဘာ
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ MIS Software ကိုအသုံးပြု၍ ရေရရှိ ရေးဆိုင်ရာ အချက်အလက်များ ကောက်ယူရေး လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ သစ်ရာကုန်းကျေးရွာတွင် စတင်ဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ကောက်ယူရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအငယ်တန်း အင်ဂျင် နီယာ-၂ ဦးဝေလွင်ဖြိုးနှင့် အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အေးအေးချိုတို့မှ ရေရရှိရေး ဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် Rural Water Suply Management Information System MIS Software ဖြင့် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ်များနှင့် ရေရရှိရေး ဆိုင်ရာအချက်အလက်များကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ MIS Software ဖြင့် ရေရရှိရေးဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ကို ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ သို့ ၂၀၂၀ခုနှစ်၊ မတ်လအတွင်း အပြီးကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြန်/ဆက်