ဆွမ္မရာ ၂၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့၌ အမဲသားစားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက်က အမဲသားပေါ်ရောင်းရာမှ ဝယ်ယူထားသူများမှာ ချက်ခြင်း ချက်ပြုတ်မစားဘဲ လေးငါးရက်ထား ချက်စားရာမှ လူရှစ်ဦး အစာအဆိပ်သင့်ခဲ့သည်။ ထိုသူများမှာ အမဲခေါင်းသုတ်နှင့် ဝမ်းတွင်းသား စားမိသူများဖြစ်ပြီး ကိုယ်ခံအားနည်းသည့် သက်ကြီးပိုင်းနှင့် ကလေး ငယ်များဖြစ်ကြောင်း သိရသည်။
အစာအဆိပ်သင့် လူနာများမှာ ဝမ်းလျှော၊ အော့အန်လျက်ရှိသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း ဆွမ္မရာမြို့ ဆရာဝန် ဒေါက်တာဖြိုးသန်းလှိုင်ဦး၏ ပြောပြချက်အရ သိရသည်။
စနေမောင်(ခန္တီး)