ရန်ကုန်   ၂၈  နိုဝင်ဘာ

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်အနောက်ပိုင်း ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပ သော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်း ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် (အလုံ)  အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း တွင် ဒီဇင်ဘာလ  ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကား ပြော၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြီး ကလေး စာပေပွဲတော်သို့ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ကိုဘုန်း (ဆိပ်ကမ်း-ပြန်/ဆက်)