ရွှေပြည်သာ ၂၈ နိုဝင်ဘာ
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက်မီးဘေးသင့်ပြည်သူများနှင့်ရပ်ကွက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများနှင့်ကုသပေးနိုင်ရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မင်္ဂလာဒုံ တပ်နယ် နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ကလေးအထူးကု ဆရာဝန် ကြီးများ၊ အရိုးအကြော အထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကုဆရာဝန်ကြီးများ မီးယပ် အထူးကု ဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများမှ ဦးဆောင်၍ ကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများနှင့် ရပ်ကွက်နေ ပြည်သူများ ဆေးကုသခံယူနေမှုအား မင်္ဂလာဒုံ တပ်နယ်မှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ လာရောက်ကြည့်ရူ၍ အားပေးစကားပြောကြား ခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)