ဒေးဒရဲ ၂၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မြန်မာစာစွမ်းရည်ပြိုင်ပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်း အဆင့် ၂၁ ဦး၊ အလယ်တန်းအဆင့် ၇၁ ဦးနှင့် မူလတန်းအဆင့် ၁၅၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)