ထန်တလန် ၂၈ နိုဝင်ဘာ
ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ် ဓာတ်ပုံပြပွဲကို အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ စာကြည့်တိုက်မှူး ဦးဟရီလိန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း ဟောပြောပြီး စာအုပ်စာစောင်များ နှင့် နံရံကပ်စာစောင်၊ နံရံကပ် ဓာတ်ပုံ များပြသပေးသည်။
ထိုသို့ နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများပြသရာတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်များနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး မှတ်တမ်းဓာတ်ပုံများကို ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ယောန(ပြန်/ဆက်)