ဟားခါး ၂၈ နိုဝင်ဘာ
အမြန်နှုန်းကောင်းမွန်သည့် B2B Fiber အင်တာနက်လိုင်းနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ချင်းပြည်နယ် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ပြည်နယ်မန်နေဂျာ ဦးတင်မောင်ဆန်းက အမြန်နှုန်း ကောင်းမွန်သည့် B2B Fiber အင်တာနက်လိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူခဲ့သည်။
အဆိုပါ ပစ္စည်းများကို ချင်းပြည်နယ်အတွင်း ICT (Information and Communication Technology) ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာစေရေးနှင့် ဆေးဖက်ဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်း(ပြန်/ဆက်)