mdn

ဟင်္သာတ ၂၈ နိုဝင်ဘာ


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်စု စစ်ကုန်းလေးကျေးရွာ၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ စစ်ကုန်းလေးကျေးရွာနေ ခင်ပွန်းဖြစ်သူ ဦးလင်းအောင် အလုပ်သွားရောက်လုပ်ကိုင်နေပြီး နေအိမ်တွင် ဒေါ်စန္ဒာမိုးတစ်ဦးတည်းရှိနေစဉ်  လည်းကောင်းချက်ပြုတ်စားသောက်သည့် နေအိမ်မီးဖိုချောင်ရှိ မီးဖိုမီးကျွင်း မီးကျန်မှ တစ်ဆင့် သွပ်မိုး၊ ပြင်ခင်း နေအိမ်အား မီးစတင်ကူးစက်လောင်ကျွမ်းပြီး နေအိမ်ဝဲဘက်ခြမ်း တစ်ခြံတည်းနေ ဉီးလေးမြင့် သွပ်မိုး၊ ပြင်ခင်း နေအိမ်၊ (ဝါး၊ ဓနိ) မိုး နွားတင်းကုပ်နှင့် နေအိမ်ဝဲဘက်ခြမ်း ခြံဘေးကပ်ရှိ ဉီးမင်းမင်းစိုး၏ (ဝါး၊ဓနိ)မိုး နွားတင်းကုပ်တို့ မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။


မီးလောင်ရာသို့ ကျေးရွာနေပြည်သူ ၄၀ ဉီးခန့်နှင့် မြို့နယ်မီးသတ်ဉီးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။  မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်စန္ဒာမိုးအား သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ကျော်ကျော်(ပြန်/ဆက်)