ထားဝယ် ၂၈ နို၀င်ဘာ
ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက် ကြံ့ခိုင်ရန် ပါ၀င်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော တိုင်းဒေသကြီး၊ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ အပတ်စဉ် (စနေ နေ့) တိုင်းနံနက် ၅ နာရီခွဲတွင် စည်းကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို လမ်းကြောင်း(၃)ကြောင်းဖြစ်ချီတက်လမ်းလျှောက်မည် ဖြစ်ပြီးပထမလမ်းကြောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအရှေ့မှ တဆင့် အာဇာနည်လမ်းအတိုင်း ၊ ဒုတိယ လမ်းကြောင်း ကို ကျောက်မော်ကြီးရပ် ၊ အခြေခံပညာမူလတန်းကျောင်းမှတဆင့် ရေး-ထားဝယ်လမ်းအတိုင်း ၊ တတိယ လမ်းကြောင်းကို ဝဲကျွန်းရပ် အခြေခံပညာအထက်တန်ကျောင်း မှတဆင့် မေတ္တာ-ထားဝယ်လမ်းအတိုင်း ၊ တိုင်းဒေသကြီး အားကစားကွင်း သို့စုပေါင်းလမ်းလျှောက်ကြမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအားကစားကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားကွင်း၌ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအပြီးတွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းMyanmar Fitness Dance ၊ လွန်ဆွဲပွဲ နှင့် အငယ်တန်းပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို ကျင်းပပေး မည်ဖြစ်ပြီး ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ်တွင် လမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲသူများ ကို ကံစမ်းမဲ ဖေါက်ပေးမှာဖြစ်ကြောင်း သိရသည်။
( ထားဝယ်ခရိုင်ပြန်/ဆက်)