နေပြည်တော် ၂၈ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်းသည် Colors Rainbow အဖွဲ့အား ယနေ့မွန်းလွဲ၂နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တန်းတူညီမျှရေးအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရေးနှင့် ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့်စပ်လျဉ်းပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)