နေပြည်တော် ၂၈ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် Alot System ကုမ္ပဏီအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အောင်ဘာလေထီစနစ်အား e-lottery အဆင့်သို့ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ နည်းဗျူဟာများနှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)