နေပြည်တော်  ၂၈   နိုဝင်ဘာ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့်သည် ILO အကြံပေး Mr.Marius Olivier နှင့်အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ များပြားလာပါက အလုပ်သမားများအတွက် ပြည်တွင်း အလုပ်အကိုင်ပိုမိုရရှိနိုင် မည့်အခွင့်အလမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝ ပြေလည်စေရေးအတွက် လူမှုဖူလုံရေးကိစ္စရပ်များနှင့် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)