၂၈ နိုဝင်ဘာ
ယနေ့ည (နိုဝင်ဘာလ ၂၈ ရက်) မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃ ဒသမ ၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၁)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့မှုအား တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဉီးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


