ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံကိုရီးယားယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး "Growing with Art" ခေါင်းစဉ်ဖြင့်မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာတစ်ဝန်း၌ ယဉ်ကျေးမှုဖလှယ်ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် မျှမျှတတဆောင်ရွက်ရန် အရေးပါသည့် အနေ အထားရှိကြောင်းပြောကြားခဲ့သည်။

ယဉ်ကျေးမှု ကုန်သွယ်ရေးသည် ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့် နက်ရှိုင်းစွာ အစဉ်အဆက် စိမ့်ဝင်လျက်ရှိပြီး အထူးသဖြင့် လူငယ်လူရွယ်များကြားတွင် ကြီးမားကျယ်ပြန့်သော လွှမ်းမိုးမှုရှိသည်။မျက်မှောက်ကာလ၌ ယဉ်ကျေးမှုအနုပညာကို အခြေခံသည့်ရေးမှ အနုပညာကို ရှိအသေးစားစီးပွားရေးလုပ်ငန်းမှသည့် ကြီးမား ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းဖြစ်လာသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့်မိန့်ခွန်းတွင် "ယဉ်ကျေးမှုကဏ္ဍဟာ လူငယ်လူရွယ်တွေကို အလုပ်အကိုင်ရရှိစေပြီး အမျိုးသမီးများကို ဦးစားပေးသည့်အပြင် ယဉ်ကျေးမှုလုပ်ငန်းကို အသေးစား စီးပွားရေး လုပ်ငန်းများနဲ့ တစ်ဦးချင်းစီက ဆောင်ရွက်တာဖြစ်တဲ့အတွက် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများဟာ နုပျိုလန်းဆန်းတယ်၊ အားလုံးပါဝင်တယ်၊ စီးပွားရေး စွမ်းဆောင်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

 

ယဉ်ကျေးမှုအနုပညာလုပ်ငန်း၏ ကျယ်ပြန့်မှုသည် ပရိသတ်များအတွက် စိတ်ခံစားချက် မြှင့်တင်ပေးမှုနှင့် အတူ ကမ္ဘာတစ်ဝန်းသို့ အနုပညာလုပ်ငန်းမှ ကုန်သွယ်စီးပွားနယ်ပယ် ထိုးဖောက်ချဲ့ထွင်လာ သည်ကို ကိုရီးယားရုပ်ရှင်အနုပညာလုပ်ငန်းများက သက်သေပြလျက် ရှိသည်။ လက်ရှိတွင် ကိုရီးယားသမ္မတနိုင်ငံသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယဉ်ကျေးမှုအနုပညာကဏ္ဍကို ဦးဆောင်နေပြီး ယဉ်ကျေးမှုအနုပညာကဏ္ဍမှ အကျိုးအမြတ်ဖြစ်ထွန်းမှု ကြီးမားကျယ်ပြန့်နေသည်။

 

ယဉ်ကျေးမှုအနုပညာလုပ်ငန်းသည် ဖျော်ဖြေရေးသက်သက် သာမဟုတ်တော့ဘဲ အဘက်ဘက်တွင် အောင်မြင်မှုများ ဆောင်ကြဉ်းပေးလာနိုင်သည်။ ယဉ်ကျေးမှုလုပ်ငန်းသည် နယ်ပယ်ကဏ္ဍ ကျယ်ပြန့်စွာ ရှိသကဲ့သို့ အောင်မြင်မှုတွင်လည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက် အကူပြု နေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ယဉ်ကျေးမှုလုပ်ငန်းများမှ ကမ္ဘာ့ဝင်ငွေ အမေရိကန် ဒေါ်လာ၂၂၅ဝ ဘီလီယံနှင့် အလုပ်အကိုင် ဆယ်သန်းခန့် ဖန်တီးပေးနိုင် ခဲ့သည်။ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှု ပို့ကုန် တန်ဖိုးသည် ၂၀၁၇ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံရှိသည်ဟု သိရသည်။

 

ယဉ်ကျေးမှုဆိုင်ရာကုန်သွယ်ရေးတွင်ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်မှု တိုးတက်လာသော်လည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် တန်ဖိုးကွင်းဆက်၏ သုံးစွဲမှုအပိုင်းတွင်သာ ရှိနေဆဲဖြစ်သည့်အတွက် ကမ္ဘာ့ ယဉ်ကျေးမှုကုန်သွယ်မှုကဏ္ဍ၏ အောင်မြင်မှုရလဒ်ကို ကိုရီးယားနိုင်ငံကဲ့သို့ အပြည့်အဝခံစားနိုင်ခြင်း မရှိသေးချေ။ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့သည့်ယဉ်ကျေးမှုဆိုင်ရာ တီထွင် ဆန်းသစ်မှု ထိပ်သီးအစည်းအဝေးမှ ယဉ်ကျေးမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို မှတ်သား လိုက်နာ ဆောင်ရွက်ခြင်းနှင့် ယဉ်ကျေးမှုနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအကြား ပူးပေါင်းဆောင်ရွက် နိုင်ခြင်းတို့သည် ယဉ်ကျေးမှုလုပ်ငန်းဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုကုန်သွယ်ရေးဖြစ်ထွန်းရေး အတွက်တွန်းအားများကို ဖြစ်စေသည်။

 

ယဉ်ကျေးမှုကဏ္ဍသည် အခြားကဏ္ဍများနှင့် မတူညီသည့်သိမ်မွေ့ နူးညံ့နက်နဲသော လုပ်ငန်း နယ်ပယ် ဖြစ်သည်။ ယဉ်ကျေးမှုအစဉ် အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးသလို တီထွင်မှုနှင့် ဆန်းသစ်မှုသည် အဓိကကျပြီး ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုသည် ယဉ်ကျေးမှုလုပ်ငန်း၏ အသက် သွေးကြောဖြစ်သည်။ ဆန်းသစ်တီထွင်သည့် အနုပညာဖန်တီးရေးသာမကပရိသတ်များနှင့် ထိတွေ့ရေး နယ်ပယ် စီမံခန့်ခွဲမှုအပိုင်းတွင်လည်းပိုမိုဆန်းသစ်သည့် နှစ်လိုဖွယ်ရာဖြစ်အောင် တီထွင်ဖန်တီးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ အာဆီယံ- ကိုရီးယား ယဉ်ကျေးမှုဆိုင်ရာတီထွင်ဆန်း သစ်မှု ထိပ်သီးအစည်းအဝေးမှ ပေါ်ထွက် လာသော ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုနည်းနာများကို ရယူပြီး ယဉ်ကျေးမှု ခေတ်မီတိုးတက် ရေးဘက်၌ မဖွံ့ဖြိုးသေးသော မြန်မာနိုင်ငံ၏ယဉ်ကျေးမှု လုပ်ငန်းများအား ဆန်းသစ်တီထွင်ကာ လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ယဉ်ကျေးမှုကုန်သွယ်ရေးကမ္ဘာ့နယ်ပယ်တွင် မြန်မာနိုင်ငံ သည်လည်း ပါဝင်စီးမျောကာ အောင်မြင် သော ယဉ်ကျေးမှုစီးပွားရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။