ဖာပွန် ၂၉ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံ၊ သံချည် သံကွေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယွန်းစလင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာစန်းက သင်တန်းဖွင့်လှစ်ရ ခြင်းဖြင့် ဖာပွန်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြဆရာ ဦးအုန်းလှိုင်တို့က သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုရသင်တန်းများအား ဆုများကိုပေးအပ်ရာ သင်တန်းသားများက လက်ခံခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ သင်တန်းနည်းပြဆရာနှင့် သင်တန်းသားများ တက်ရောက် ကြသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)