ကျိုက်မရော ၂၉ နိုဝင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ၊ ကျိုက်ပရန် ကျေးရွာတွင် နိုဝင်ဘာ ၂၁ရက်က လျှပ်စစ်မီး အပူလွန် ကဲမူကြောင့် လူနေအိမ်(၁၁)လုံး မီးဘေးသင့်ခဲ့ရပြီး အိမ်ထောင်စုပေါင်း (၁၁)စုနှင့်လူဦးရေ (၇၄) ဉီးတို့ မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှပေးပို့ လှူဒါန်းလာသော တန်ဖိုး(၅၅၀ဝ၀ဝ) ကျပ် တန်ဖိုးရှိ အိမ်သုံးပစ္စည်းမျိုးစုံအားယ နေ့နံနက်၈နာရီက ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စုများထံသို့ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)