ဝမ်းတွင်း ၂၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေတောင်) တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြု လုပ် ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက်မှ အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး စိုက်ပျိူးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်မှ တောင်သူများအတွက် လိုအပ် လျှက်ရှိသော မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် ပိုမိုကောင်းမွန်သော မျိုးကောင်းများ ရရှိစေရေး စမ်းသပ် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်လင်းပြောကြားခဲ့သည်။ ထို့နောက် (ဝါနှင့်လျော်မျှင် ထွက်သီးနှံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်မော်မှ တောင်သူများအနေဖြင့် သီးနှံများ ဖြစ်ထွန်းဖို့အတွက် သတ်မှတ်တဲ့မြေဆီ ပမာဏကိုသုံးစွဲဖို့လိုအပ်ကြောင်း၊ လုံလောက်တဲ့ မြေဆီပမာဏ မရရှိလျှင် အသီးနှုန်း ကျဆင်းနိုင်ကြောင်းနှင့် သီးနှံများ အထွက်တိုးဖို့ဆိုရင် သဘာဝ မြေဩဇာအပြင် ဓါတ်မြေဩဇာကိုပါ သတ်မှတ်ချက်အတိုင်း သုံးစွဲသင့်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(ရွှေတောင်)ရှိ စိုက်ကွင်းများတွင်တက် ရောက်လာကြသော ဌာနဆိုင်ရာများနှင့် တောင်သူများမှ လေ့လာကြည့်ရှုခဲ့ပြီး ဝါစိုက်တောင်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာခြံတာဝန်ခံ (ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (ရွှေတောင်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာလွင်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါ (ဝါသီးနှံသုတေသနနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်)တွင် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁)အစရှိ သောဝါသီးနှံ မျိုးကောင်းမျိုးသန့်များကို စမ်းသပ်စိုက်ပျိုးကာ တောင်သူများအား ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှတ်(၁) ဦးစိုးမင်းထက်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ ညွှန်ကြားရေးမှူး ဦးအောင်မော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူနှင့် စိုက်ပျိုးရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)