ပူတာအို ၂၉ နိုဝင်ဘာ
ကချင်ပြည်နယ်၊ပူတာအိုဒေသတွင် ကျောက်ဂျပိုးအင်းဆက်ကောင်များအား ဈေးကောင်းပေး ဝယ်သူများ ရှိသဖြင့် ယခုနှစ်တွင် ကျောက်ဂျပိုးရှာဖွေသူများပြားလာကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
" အရင်ကတော့နို့ဆီဘူး တစ်ဘူးကို ၅၀ဝကျပ်ပဲရခဲ့တယ်။ အခုကာလပေါက်ဈေးက ၇၀ဝ၀ ကျပ်ကနေ ၁၀ဝ၀ဝ ကျပ်ထိရတယ်။ မူလာရှီးဒီကနေ ဖတ်မာစွပ်အထိ ကားလမ်းမကြီး တစ်လျှောက် လူစည် ချက်က တော့ပွဲခင်းလိုပဲ။ ကျောက်ဂျပိုးဖမ်းနေကြတာ တစ်မိသားစုလုံးလမ်းပေါ်မှာ ရိုက်တံ အရှည် လုပ်ပြီး ဖမ်းသူကဖမ်း၊ ချောင်းထဲဆင်း ပြီးဖမ်းသူကဖမ်း၊ မိသားစုအကုန်စုလိုက်ရင် နို့ဆီဘူး တစ်ဘူး လောက်ရတယ်။ နေ့လယ် ကောက်ရိတ်လို့ ပင်ပန်းနေလဲ ညနေစောင်းရင် ကျောက်ဂျပိုးဖမ်းတဲ့အလုပ်ကို ဝမ်းစာအတွက် အငယ်ဆုံးမှ အကြီးထိ ဖမ်းနေရတယ် "ဟု ဒေသခံတစ်ဦးဖြစ်သူ ကို ဖုန်ဆားရ်အောင်က ပြောသည်။
ပူတာအိုဒေသတွင် နိုဝင်ဘာမှ မတ်လအထိသာတွေ့ရှိရသည့် ကျောက်ဂျပိုးအင်ဆက်နွယ်ဝင် အမျိုးစားတစ် မျိုးဖြစ်ပြီး အကောင်ကြီးနှင့်အကောင်သေးနှစ်မျိုးရှိရာ အကောင်သေး အမျိုးအစား တစ်မျိုးသာလျှင် ဈေးနှုန်းပို ရရှိကြောင်း သိရသည်။
ကျောက်ဂျပိုးကို လွန်ခဲ့သည့် ငါးနှစ်ခန့်က နို့ဆီတစ်ဘူးလျှင် ၅၀ဝကျပ်ခန့်သာရရှိခဲ့သော် လည်း ၂၀၁၈-ခုနှစ်တွင် တစ်ဘူးလျှင်ငါးထောင်ကျပ်ခန့်ရရှိကာ ယခုနှစ်တွင်မူ တစ်ဘူးလျှင်ကျပ် ငွေ ခုနှစ်ထောင် ကျပ်နှင့်တစ်သောင်းကြားဈေးရရှိ၍ မြစ်ချောင်းကမ်းစပ်များတွင် ကျောက်ဂျပိုးရှာဖွေသူ များပြား လာခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ကျောက်ဂျပိုး အင်းဆက်ကောင်များသည် လူသူအရောက်အပေါက် နည်းသော ချောင်းများ ချောင်းစပ် ကျောက်ကြိုကျောက်ကြားများတွင်တွေ့ရလျက်ရှိပြီး မနက်ပိုင်းတွင်ကျောက်ခဲများကို အောက်လှန်လော ရှာဖွေရသလို ညနေပိုင်း အစာရှာထွက်ချိန်တွင် ဝါး၊ခြင်ထောင်၊ စကာခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)