ရန်ကုန် ၂၉ နိုဝင်ဘာ
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အဆင့်မြင့် အရာ ထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဒေါက်တာဦးပွားက သင်တန်းသား၊ သင်တန်းသူများသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ရည်မှန်းချက်၊ ရည်ရွယ် ချက်များ အောင်မြင်စေရန် အတွက် အဓိကကျသည့်စီမံခန့်ခွဲမှုအခန်းကဏ္ဍက ဆောင်ရွက် နေကြသူများ ဖြစ်သောကြောင့် စီမံခန့်ခွဲအုပ်ချုပ်မှုပညာများနှင့် ယနေ့ခေတ်၏ ပြောင်းလဲ လာသည့်နည်းပညာ၊ အတတ်ပညာ၊ဗဟုသုတများကိုလည်းအမြဲမပြတ် လေ့လာဆည်းပူးနေ ရန် လိုအပ်ပါကြောင်း။
အမြဲမပြတ် လေ့လာဆည်းပူးနေမှသာ မိမိလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများ အား မှန်ကန် တိကျသည့် ဦးဆောင်လမ်းညွှန်မှုများကို ချမှတ်ပေးနိုင်မည် ဖြစ်သကဲ့သို့ မိမိအထက်အဆင့် ကိုလည်းတာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အထောက်အကူပြုပေးနိုင်သည့် အရည်အသွေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသူများဖြစ်လာမည် ဖြစ်ပါကြောင်း။
နိုင်ငံတော် အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဘက်ဘက်မှကြိုးပမ်း ဆောင်ရွက် လျက်ရှိသလို ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင် ပြောင်းလဲရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိ ကြီးများကို စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခြင်း အားဖြင့်တစ်ဦးချင်း စီ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက် မှုကိုရရှိလာမည် ဖြစ်ပါကြောင်း။
အရာရှိကြီးများ အနေဖြင့်မိမိတို့ ဝန်ထမ်းအဖွဲ့အစည်းများအတွက်အရေးပါသည့် စီမံ ခန့်ခွဲမှုများကို အထောက်အကူပြု ဆောင်ရွက်ကြသူများ ပီပီစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဒေါက်တာ ဦးပွားက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၆)ဦး၊ သင်တန်းသူ(၁၅)ဦး၊ စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ ရက်သတ္တ(၈) ပတ်ကြာမြင့်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်