ထီးလင်း ၂၉ နိုဝင်ဘာ

 

ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး တို့အတွက် မီးဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်သစ်တောဉီးစီးဌာန ရုံးဝန်းနေရာ၌ ပြုလုပ်သည်။

 

မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဉီးစီးမှူးက မီးသတ်ဆေးဘူး အသုံးပြု၍ အရေးပေါ် မီးငြှိမ်းသတ်နည်းများကိုလည်းကောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ကား မော်တော်ယာဉ်(၂)စီးဖြင့် ဇာတ်တိုက် လေ့ကျင့်မှုများကို လည်းကောင်း လက်တွေ့ သရုပ်ပြသ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲသို့ သစ်တောဉီးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဉီးမြင့်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးဘီးရာမှိုး နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။ 

 

အောင်စည်(ပြန်/ဆက်)