လွိုင်ကော် ၂၉ နိုဝင်ဘာ
ပြည်သူများ အသိပညာဗဟုသုတတိုးပွားပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “ လူငယ်နှင့် ယာဉ်အန္တရာယ် ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့မွန်းလွဲ ၂ နာရီက လွိုင်ကော်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကံကော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန စစ်ဆေးရေးမှူး ဦးစိုင်းကြည်တင့်၊ လွိုင်ကော်မြို့နယ် အမှတ်(၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး ဝင်းသွင်ဦး၊ အထက်တန်းရှေ့နေ ဦးစိုင်းအောင်သူလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စုစုထွေး တို့က ယာဉ်အန္တရာယ်နှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များအား အသီးသီး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ပြည်သူ့စကားဝိုင်းသို့ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အင်အား (၃၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လွိုင်ကော်သား