၂၉  နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ကစားသမား ၁၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာပြေးခုန်ပစ်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ရှစ်ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားမီတာ ၁၀ဝ၊ ၂၀ဝ ပြိုင်ပွဲတွင် လွင်မိုး၊ မီတာ ၄၀ဝ၊ ၈၀ဝ ပြိုင်ပွဲတွင် မင်းမင်းဇော်၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ရဲထက်အောင်၊ ၁၀ မျိုးစုံပြိုင်ပွဲတွင် ပိုင်ကိုဝင်း၊ ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် ပြည့်ဖြိုးထွန်း၊ မိုင်းညီညီမိုး၊ အမျိုးသမီး မီတာ ၄၀ဝ၊ ၈၀ဝ ပြိုင်ပွဲတွင် သီသီမော်၊ မီတာ ၈၀ဝ၊ ၁၅၀ဝ ပြိုင်ပွဲတွင် ဆွေလီမြင့်၊ မီတာ ၁၅၀ဝ၊ ၅၀ဝ၀ ပြိုင်ပွဲတွင် ဖြူဝါသက်၊ မီတာ ၅၀ဝ၀၊ ၁၀ဝ၀ဝ ပြိုင်ပွဲတွင် ငါးမယ်၊ မီတာ ၁၀ဝ၀ဝ နှင့် မာရသွန်ပြိုင်ပွဲတွင် ဇင်မာချို၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပပဦး၊ ကီလိုမီတာ ၁၀ လမ်းလျှောက်ပြိုင်ပွဲတွင် သန်းသန်းစိုးနှင့် ဇင်မေထက်တို့ ပါဝင်ကြသည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် အဖွဲ့ချုပ်အသစ် ပြန်လည်ဖွဲ့စည်းပြီး နောက်ပိုင်းဧပြီတွင် စတင်လေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၁၀ဝ ကျော်မှ အပြီးသတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲယှဉ်ပြိုင်မည့် ကစားသမားအများစုမှာ ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲအများစု ဝင်ရောက်ယှဉ်ပြိုင်ထားသလို နောက်ဆုံးပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ တစ်လနီးပါး သွားရောက် လေ့ကျင့်ထားသည်။

 

ဆီးဂိမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကလာ့ခ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၄၅ ခု ချီးမြင့်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်