နေပြည်တော် ၃၀ နိုဝင်ဘာလ
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်က ကျောက္ကချားကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာနှင့် အနီးတစ်ဝိုက်ရှိ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၂ ဧကခန့် ဖျက်ဆီးခဲ့သည်။
အလားတူ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်ခွန်းကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၃၃ ဒသမ ၅ ဧကခန့်နှင့် ကန့်ချုပ်ဒိုင်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၇ ဧကခန့် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တိနားကျေးရွာ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၇ ဧကခန့် နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ငူးပလိုငံကျေးရွာ၏ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၈ ဧကခန့်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ဆာလ်ဇန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ အမြင့် ၃ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ခွေါင်ခန့်ကျေးရွာ၏အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ အမြင့် ၁၀ လက်မခန့် အပင်ပေါက် ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား