ဗန်းမောက် ၁ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ဇလုံတောင်တက် မော်တော်ယာဉ်များအား စစ်ဆေးကာ ယာဉ်စည်းကမ်းနှင့် မကိုက်ညီသူများအား ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

9a1d

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီခွဲခန့်က ခမိုးကားဝင်း လုံခြုံရေးတာဝန်ကျ ဒုရဲအုပ်အောင်နိုင်ထိုက် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ဇလုံတောင် မော်တာ်ယာဉ်ဂိတ်မှူး ဦးမြဦးနှင့် သက်သေများပါဝင်သော အဖွဲ့တို့သည် ဇလုံတောင်ကားဂိတ်တွင် ဘုရားဖူးခရီးသည်များ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် တောင်တက်ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင်ရှိ မရှိနှင့် စည်းကမ်းမဲ့ အရက်သေစာ သောက်ထားခြင်းရှိ မရှိတို့ကို စစ်ဆေးခဲ့ရာ တောင်တက်ယာဉ် အမှတ်စဉ် (၁၁၀)ယာဉ်အမှတ် TK/XXXX အဖြူရောင် HILUX ယာဉ်အား မောင်းနှင်သူ ရွှေလုကျော်သည် ယာဉ်မောင်းလိုင်စင် ခွင့်ပြုထားခြင်းမရှိသော မော်တော်ယာဉ်အား မောင်းနှင်သည်ကိုတွေ့ရှိရသဖြင့် ဗန်းမောက်မြို့မရဲစခန်းက ရွှေလုကျော် (၂၆)နှစ် (ဘ)ဦးထွန်းအောင် ညောင်ပင်သာကျေးရွာ ပင်ဟင်းခါးအုပ်စု ဗန်းမောက်မြို့နယ်နေသူအား (ပ)၁၇၆/၂၀၁၉ မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

နီတိုး