ရေနံချောင်း ၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ မြို့ပြလမ်း (၁၁)လမ်းအား စည်ပင်ဘတ်ချက်ငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရသည်။

မြို့ပေါ်ရပ်ကွက်ရှိ လမ်း(၁၁)လမ်းအား ကွန်ကရစ်လမ်းများဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ငွေကျပ် ၁၆၄ ဒသမ ၂ သန်း ကုန်ကျမည်ဖြစ်ကြောင်း၊ အထက်ပါငွေမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စည်ပင်ဘတ်ချက်မှ လမ်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ်တွင် မြို့ပေါ်ရပ်ကွက်ရှိ လမ်း(၇)လမ်းအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရသည်။

ကွန်ကရစ်ခင်းမည့်လမ်းများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့း စည်ပင်ကော်မတီမှ တာဝန်ရှိသူများ၊ တာဝန်ခံအင်ဂျင်နီယာနှင့်အတူ သွားရောက်၍ လျာထားမည့်လမ်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)