မန္တလေး ၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသြကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာ ခရိုင်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ ယနေ့ ညနေပိုင်းက မန္တလေးမြို့ ဗထူးအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှူဆောင် အထက်မြန်မာပြည် တာဝန်ခံ၊ တိုင်းဒေသကြီး ပညာရေးမှ တာဝန်ရှိသူများ၊ တိုင်းအားကာမှ တာဝန်ရှိသူများ ဖိတ်ကြားထားသူများ အသင်းအုပ်ချုပ်သူနည်းပြများ အားကစားသမားများ တက်ရောက်ကြပြီးပြိုင်ပွဲ ယှဉ်ပြိင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီး ဆုချီးမြင့်ပွဲကျင်းပရာ ရိုးရာအမှတ်ခတ်ပြိုင်ပွဲ၏ တက်သစ်စအားကစား သမားဆု ရကျောက်ဆည်ခရိုင်မှ ဝသန်မြင့်မိုရ်ဦးအား ခြင်းလုံးအဖွဲ့ချုပ် အမှုဆောင် ဦးဌေးလှိုင်မှ လည်းကောင်း၊ ကောင်းဆုံးအားကစားသမား ဆုရမန္တလေးခရိုင်မှ အေးချမ်းအောင်အား အဖွဲ့ချုပ် အမှုဆောင် အထက်မြန်မာပြည် တာဝန်ခံ ဦးကျော်သိန်းမှလည်းကောင်း၊ ထူးချွန်ဆုဖလားနှင့် ဆုငွေကျပ် ၅ သောင်းစီတို့ကို ပေးအပ်ချီးမြင့်ကြသည်။
ဆက်လက်၍ နှစ်သိမ့်ဆု(၁)ရ ရမည်းသင်းခရိုင် အသင်းအားဆုငွေ ကျပ်တစ်သိန်းကို ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဒေါ်ခင်မာနှင်းမှ လည်းကောင်း၊ နှစ်သိမ့်ဆု(၂)ရ ကျောက်ဆည်ခရိုင် အသင်းအားဆုငွေကျပ် တစ်သိန်းကို အဖွဲ့ချုပ်အတွင်းရေးမှူး ဦးအောင်မြင့်ဦးမှ လည်းကောင်း၊ နှစ်သိမ့်ဆု(၃)ရမိထ္ထီလာ ခရိုင်အသင်းအား ဒုတိယဥက္ကဋ္ဌ ဦးဌေးဝင်းမှလည်းကောင်း ဆုငွေကျပ်တစ်သိန်းစီကို အသီးသီးချီးမြင့်ကြသည်။
ထို့နောက် တတိယဆုရမြင်းခြံ ခရိုင်အသင်းအား ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်မှ တစ်ဦးချင်းဆုများ တတိယဆုဖလားနှင့် ဆုငွေကျပ်နှစ်သိန်းချီးမြင့်ပြီး ဒုတိယဆုရ မန္တလေးခရိုင် အသင်းအား တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်မှ တစ်ဦးချင်းဆုများ၊ ဒုတိယဆုဖလားနှင့် ဆုငွေကျပ်(၃)သိန်းကို ပေးအပ်ချီးမြင့်ကာ ပထမဆုရ ပြင်ဦးလွင်ခရိုင် အသင်းအား တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က တစ်ဦးချင်းဆုများ၊ ဆုငွေကျပ် ၅ သိန်းကို ချီးမြှင့်လိုက်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)