လှိုင်သာယာ ၁ ဒီဇင်ဘာ
ဘုရင့်နောင် တံတားအမှတ်(၁) တံတားကြံ့ခိုင်မှုအတွက် ထိန်းသိမ်းပြီးစီးသည့်အတွက် ခံနိုင်ရည်စစ်ဆေးကာ နိုဝင်ဘာ ၃၀ နံနက် ၈ နာရီက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး တံတားအထူးအဖွဲ့၊ လှိုင်သာယာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များသည် တံတားကြံ့ခိုင်မှု စစ်ဆေးမှုအားလေ့လာပြီး ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြသည်။

အဆိုပါ ဘုရင့်နော်တံတားမှ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းမောင်းနှင် သွားလာနိုင်ကြောင်း သိရသည်။
မောင်မောင်တာ