သာယာဝတီ     ၂    အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်သို့ ပံ့ပိုးငွေနှင့် စာအုပ်များ လှူဒါန်းပွဲကို ဒီဇင်ဘာ ၁ရက် နံနက် ၁၀ နာရီက သုံးဆယ်မြို့ရှိ ပီမိုးနင်းစာကြည့်တိုက် ခန်းမ ၌ကျင်းပ ပြုလုပ်သည်။

 

ရှေးဦးစွာ ပီမိုးနင်းစာကြည့်တိုက်ဦးစီး ကော်မတီဥက္ကဌ ဦးမြင့်လွင်ဉီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဌ ဦးညွန့်ဆွေက အမှာစကား ပြောကြား ကာ ပံ့ပိုးငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)အတွင်းရေးမှူး ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)မှ စာအုပ်များလှူဒါန်းရခြင်း၏ အကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း ဥက္ကဌ ဦးညွန့်ဆွေက ပီမိုးနင်းစာကြည့်တိုက်သို့ ပံ့ပိုးငွေကျပ်သိန်း(၂၀)အား ပီမိုနင်းစာကြည့်တိုက် ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ထံ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက မြို့နယ်စာရေးဆရာ အသင်းသို့ သုတ ရသစာအုပ်မျိုးစုံ(၂၀ဝ)ကျော်အား ပေးအပ် လှူဒါန်းခဲ့ကြကာ စာကြည့်တိုက်အား ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ယင်းနောက် သုံးဆယ်မြို့ ရွာမကျေးရွာရှိ စာရေးဆရာကြီး ပီမိုးနင်း၏ မွေးရပ်ဇာတိမြေ ဖြစ်သော ပီမိုးနင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)