တံတားဦး ၂ ဒီဇင်ဘာ 

အခြေခံပညာကျောင်းများမှ ဆရာ/များကို အခြေခံပညာမူလတန်းအဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့မအခြေခံပညာ အလယ်တန်းကျောင်း ပညာသရဖူ ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် ပညာရေးမှူး ဦးမော်ဦးက ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းဆွေးသည်။ ထို့နောက်အခမ်း အနားသို့တက်ရောက်ကြသည့် ဆရာ/မများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံဘာသာတို့ကို အသီးသီးပါဝင်ဆွေးနွေးကြသည်။အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ များ ပညာရေးဝန်ထမ်းများ စုစုပေါင်း ၂၃၀ တက်ရောက်ကြောင်းသိရှိရသည်။

ရဲတင့်(ပြန်/ဆက် )