မုံရွာ ၂ ဒီဇင်ဘာ
အပူပိုင်းဇုန်သို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခု၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေဝေရေလဲစိုက်ခင်းများအဖြစ် ဧက(၂၅၀)ကို ဖော်ဆောင်စိုက်ပျိုးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ၏ ပြောကြားချက်အရ သိရသည်။
အပူပိုင်းဇုန်အတွင်း ကျရောက်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ခရိုင်သုံးခုတွင်ရှိသော ဆည်၊ ကန်ချောင်းများနှင့်မြစ်များ၏ ရေဝေရေလဲများရှိ သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် နေရာများတွင် ပြန်လည်စိမ်းလန်းစိုပြည်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် သစ်တောစိုက်ခင်းများကို ထူထောင်စိုက်ပျိုး ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင်လည်း လိုအပ်သည့်နေရာများတွင် ထပ်မံစိုက်ပျိုးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးမည့် ရေဝေရေလဲစိုက်ခင်းများကို အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ရွှေဘိုခရိုင် အတွင်းရှိ ရေဦးမြို့နယ်တွင် (၇၅)ဧကနှင့် တန့်ဆည်မြို့နယ်တွင် ဧက(၁၀ဝ)၊ မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်တွင် (၂၅) ဧက၊ စကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဧက(၅၀) စုစုပေါင်း (၂၅၀) ဧကအား စိုက်ပျိုးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)