၃ ဒီဇင်ဘာ

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၃)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ထားဝယ်မြေငလျင်စခန်းမှ အနောက်တောင်ဘက်မိုင် (၄၈၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region) မြောက်လတ္တီတွဒ် (၈ ဒသမ ၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၃၀)ဒီဂရီ၊ အနက်(၁၆၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုနှင့် မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၁၄)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၂)မိုင်ခန့် အကွာ)၊ မြောက် လတ္တီတွဒ် (၂၃ ဒသမ ၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၇၆)ဒီဂရီ၊ အနက် (၉၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

MDN