ဓနုဖြူ ၃ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် စံကင်းကျေးရွာအုပ်စု၊ စံကင်းကျေးရွာတွင် ဒီဇင်ဘာလ ၁ ရက်နေ့က ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်တစ်လုံးနှင့် ကြိုတင် ပြောင်းရွှေ့နေအိမ် ငါးလုံးတို့မှ ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ တစ်ပုံး၊ အိမ်ဆောက်ပစ္စည်း တန်ဖိုး ခြောက်သိန်းကျပ်၊ ဆန်ရိက္ခာ ခုနှစ်ရက်စာ တို့အား ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများရှေ့၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မအူပင်ခရိုင်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)