ရန်ကုန် ၃ ဒီဇင်ဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ရန်ကုန်အနောက်ပိုင်း ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပ သော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် (အလုံ) အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း ၌ ဒီဇင်ဘာ ၃ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကား ပြော၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြီး ကျောင်းသား ကျောင်းသူလေးများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။
ကိုဘုန်း(ဆိပ်ကမ်း-ပြန်ဆက်)