ဂန့်ဂေါ ၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စမိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမြင့်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အချက်အလက်များနှင့် ကလေးအလုပ်သမား အခွင့်အရေးဆိုင်ရာများဖြင့် အဖွင့်အမှာစကားပြောကြားပြီး woman Club ဥက္ကဋ္ဌ အကြင်သူ(ယောမြေ)က သက်ငယ်မုဒိမ်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ Book Club ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက အနာဂတ် ခေါင်းဆောင်များ ဖြစ်နိုင်အောင် ရည်ရွယ်၍ "စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးနေမျိုးသူရက "ခဲတံ" သင်ခန်းစာဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး KG မှ G5 အထိ ကျောင်းသား/ ကျောင်းသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၃၀ဝ) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)