နေပြည်တော် ၃ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့်သည် ICCO Cooperation အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုမှသည် ပို့ကုန်မြှင့်တင်နိုင်မည့် သုတေသန ရလဒ်များ ၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားရေးနှင့် ကုန်သွယ်မှုတိုးတက်ရေး ဆိုင်ရာ မူဝါဒရေးရာအကြံပြုချက်များ၊ တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများအား ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)