ကနီ ၄ ဒီဇင်ဘာ
ကနီမြို့နယ် နတ်လာပို့(မြောက်)အုပ်စု သပြေတောကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ အသိပညာပေး ဟောပြောပွဲနှင့် (oss)ရုံးအဖွဲ့မှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို သပြေနောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဉီးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လဝကဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်သစ်တောဉီးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနဆိုင်ရာလုပ်ငန်းများအလိုက် အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ကျေးရွာမှ တက်ရောက်လာသော ပြည်သူများက သိရှိလိုသော အချက်အလက်များ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)