စေတုတ္တရာ ၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား ကျောင်းသူကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် အ.လ.က မထိမ်းကျေးရွာမှ ကျောင်းသား/ကျောင်းသူ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင် ပြသထားရှိမှုအား တက်ရောက်လာကြသော ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)
