ပူတာအို  ၄  ဒီဇင်ဘာ

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍       ဒီဇင်ဘာ (၉) ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့်    ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပျော်ပွဲရွင်ပွဲများကို ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ ရဝမ်အမျိုးသား ဥယျာဉ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

02

 

၁၉၄၉ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့ ခေါင်လန်ဖူးမြို့နယ် ဝူးနင်ကျေးရွာတွင်     ရဝမ် စာပေကော်မတီ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့်နေ့ကို ရဝမ်အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ရာ       ယခင်က အမျိုးသားနေ့တွင် ဆုတောင်းပွဲ အခမ်းအနားသာ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၇-ခုနှစ်မှ စတင်၍ အထိမ်းအမှတ် အခမ်းအနားနှင့် ပျော်ပွဲရွင်ပွဲများ ထည့်သွင်းကျင်းပလာသည်မှာ ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

ရဝမ်အမျိုးသားနေ့တွင် အထိမ်းအမှတ် အခမ်းအနားများ၊ စုပေါင်းမနောအက ကခြင်း၊  ဒီဇင်ဘာ(၉)ရက်တွင် ဂုဏ်ပြုညစာစားပွဲ၊ဒီဇင်ဘာ(၈)ရက်တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွင်ပွဲများ နှင့်အတူ   ရိုးရာယဉ်ကျေးမှု အကပဒေသာများကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

2

 

အဆိုပါ ပူတာအိုမြို့တွင်ကျင်းပမည့် ရဝမ်အမျိုးသားနေ့ အခမ်းအနားသို့ ပူတာအို/ မချမ်းဘောမြို့နယ်ရှိ ရဝမ်တိုင်းရင်းသားများ တက်ရောက်မည်ဖြစ်ပြီး ရဝမ်အမျိုးသားနေ့ အခမ်းအနားကို  ပူတာအိုမြို့တွင် ကျင်းပသွားမည့်အပြင်    နောင်မွန်၊ခေါင်လန်ဖူး၊ မြစ်ကြီးနား၊ ဖားကန့်၊မန္တလေး၊ရန်ကုန်၊တာချီလိတ်မြို့များတွင်လည်း ကျင်းပ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ ဦးမယစ်ယောရှုထံမှ သိရသည်။

 

ဖုန်ကန်(ပူတာအို)