ညောင်ဦး ၄  ဒီဇင်ဘာ

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု (ဆင့်ပွား)သင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ အ.ထ.က(ညောင်ဦး)၊ အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသည်။

 

25

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးနှင့် ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းမြလွင်တို့က ခရိုင်အဆင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ အား ရှင်းလင်း ဆွေးနွေးကြသည်။

 

85

 

အဆိုပါ သင်တန်းတွင်  ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရနှင့် သဘောတရား၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေဆန်းစစ်အကဲဖြတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်း၊ ကြိုတင်သတိပေး စနစ်အပေါ် ခြုံငုံသုံးသပ်ခြင်း၊ အန္တရာယ်မျိုးစုံ ပါဝင်သော ဘေးအန္တရာယ် စီမံခန့်ခွဲခြင်း၊ ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများများ တည်ထောင်ခြင်း၊ အရေးပေါ်ကာလ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေး ဘာသာရပ်အား ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်နေ့ အထိ (၃)ရက် ကြာ သင်ကြားပို့ချမည်ဖြစ်သည်။

 

69

 

သင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ များက ပို့ချပေးခြင်းဖြစ်ပြီး ညောင်ဦးခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ရွေးချယ် စေလွှတ်သည့် သင်တန်းသားများနှင့် ညောင်ဦးမြို့တွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၃၁)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

 

085

 

ဖေလိန်း(ပုဂံ)