ကျိုက်ထို ၄ ဒီဇင်ဘာ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သည့်ပြည်သူများ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ဖူးမြော်နိုင်ရန် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းကို တည်ထောင်ဆောင်ရွက်ခဲ့သည်မှာ (၁၆)န စ်ပြည့်ပြီဖြစ်၍ အထိမ်းအမှတ်အဖြစ် ယနေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဘုရားဖူး ပြည်သူများအား အသွားအပြန် အခမဲ့ပို့ဆောင်ပေးခဲ့သည်။

ယင်းသို့ပို့ဆောင်ရာတွင် တောင်တက်မော်တော်ယာဉ် အသင်းဂိတ်တွင်စတုဒီသာအဖြစ် ထမင်းကျွေး၍ တောင်တက်မော်တော်ယာဉ် စီးရေ ၁၅၀ မှလိုအပ်သည်များကို ကူညီ ဆောင်ရွက် ပေးကာ အသွားအပြန် အခမဲ့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)
