နေပြည်တော် ၄  ဒီဇင်ဘာ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် M-9 တွင် Geophysical site Investigation(GSI) လုပ်ငန်းများအား Survey Vessel: R/V PTSC Researcher (Call Sign : 3WJZ) ရေယာဉ်ဖြင့် Point.1 M9-ZTK-32 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၄၂ ဒသမ ၁၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၄၅ ဒသမ ၆၃၈ စက္ကန့်၊ Point.2  M9-ZTK-29 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၇ မိနစ် ၁၈ ဒသမ ၀၀၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈ မိနစ် ၁၉ ဒသမ ၇၇၁ စက္ကန့်၊ Point.3 M9-KKN-34 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၆ မိနစ် ၄၁ ဒသမ ၉၉၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၀ မိနစ် ၄၈ ဒသမ ၄၂၁ စက္ကန့်၊ Point.4 M9-KKN-40 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၂၀ ဒသမ ၇၄၃ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၅ မိနစ် ၁၀ ဒသမ ၈၆၉ စက္ကန့်၊ Point.5 M9-ZTK-09 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃ မိနစ် ၅၀ ဒသမ ၃၂၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ မိနစ် ၃၉ ဒသမ ၂၄၂ စက္ကန့်၊ Point.6 M9-ZTK-19 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁ မိနစ် ၂  ဒသမ ၉၇၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၄ မိနစ် ၂၈ ဒသမ ၄၃၇ စက္ကန့်၊ Point.7 M9-GTK-32/33 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉ မိနစ် ၅၀ ဒသမ ၆၄၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈ မိနစ် ၃၃ ဒသမ ၃၄၀ စက္ကန့်၊ Point.8 M9S-ZTK-03/07 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ် ၁၇ ဒသမ ၅၅၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၇ ဒသမ ၃၈၄ စက္ကန့်၊ Point.9 M9-KKN-58/59/60 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၄၈ ဒသမ ၀၄၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၈ မိနစ် ၁၃ ဒသမ ၇၀၀ စက္ကန့်၊ Point.10 M9-GTK-44A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၃ မိနစ် ၃၂ ဒသမ ၈၈၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၇ မိနစ် ၄၉ ဒသမ ၁၆၀ စက္ကန့်၊ Point.11 M9-GTK-24 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ် ၄၆ ဒသမ ၉၅၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၇ မိနစ် ၄၅ ဒသမ ၀၅၄ စက္ကန့်၊ Point.12 M9-GTK-42B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၁၄ ဒသမ ၉၃၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၄၀ ဒသမ ၀၇၈ စက္ကန့်၊ Point.13 M9-KKN-70A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၁ မိနစ် ၄၈ ဒသမ ၉၃၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ် ၁၈ ဒသမ ၄၃၁ စက္ကန့်၊ Point.14 M9-GTK-44C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၄ ဒသမ ၇၉၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၃ မိနစ် ၁၃ ဒသမ ၉၁၆ စက္ကန့်၊ Point.15 M9-GTK-43  မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၈ မိနစ် ၂၇ ဒသမ ၂၄၃ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၀ မိနစ် ၃၈ ဒသမ ၀၃၆ စက္ကန့် တို့တွင် (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင် တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)