လဲချား ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု၊ ပန် ဟုန်းကျေးရွာ၊ ကျေးလက်လျှပ်စစ်မီးလင်းရေး၊ ၁၁ ကေဗွီဓာတ်အားလိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပန်ဟုန်းကျေးရွာဘုန်းကြီးကျောင်းဝင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသင်းကိုကို ကလျှပ် စစ်မီးလင်းရေးစီမံကိန်း ဖြစ်မြောက်အောင်မြင်ခဲ့မှုများအား ရှင်းလင်းပြောကြားကာ ပန်ဟုန်းကျေးရွာအား လျှပ်စစ်မီး စတင်ဓာတ်အား ပို့လွှတ်နိုင်ရေး တာဝန်ရှိသူအသီးသီးက ဖဲကြိုးဖြတ် စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့ကြသည်။
ယင်းစီမံကိန်းကို ရှမ်းပြည်နယ် အစိုးရရန်ပုံငွေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြင့်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျေးရွာမှကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုဖြင့် လည်းကောင်း ၂ နှစ်တာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ နမ့်တုတ်ကျေးရွာအုပ်စု၊ ဝမ်ဝုမ်၊ နမ့်တုတ်၊ ပန်ဟုန်း၊ ပါမိုက်ကျေးရွာများအား ဓာတ်အားရရှိရေး အစိုးရနှင့် ပြည်သူလက်တွဲဆောင်ရွက် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကေသီ(ပြန်/ဆက်)