မန္တလေး ၄ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေး လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား ၅၀၀ ကျော်အတွက် အနွေးထည်၊ တီရှပ်နှင့် လက်ကိုင်ပုဝါများ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျင်းပသည်။
ထိုသို့လှူဒါန်းရာတွင် မန္တလေးလူငယ်သင်တန်းကျောင်းရှိ ကျောင်းသား ၅၁၅ ဦးအတွက် အလှူရှင် ဦးနိုင်လင်းထွန်းနှင့်ညီများက အနွေးထည် ၅၁၅ ထည်၊ တီရှပ် ၅၁၅ ထည်နှင့် လက်ကိုင်ပုဝါ ၅၁၅ ထည်တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဇော်လင်းဦး(အောင်စံ)