နေပြည်တော်   ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ- တောင်ကြီး -ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ လမ်းအပိုင်း၌ ကတ္တရာလမ်း ဆောင်ရွက်ထားမှု၊ ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းများ ဆောင်ရွက်ထားရှိမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် Guard Rail များ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး အတက်အဆင်း မတ်စောက်သည့် တောင်ကြောဖြစ်သည့်အတွက် လိုအပ်သည့် နေရာများတွင် လမ်းချဲ့ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

 

မိတ္ထီလာ-တောင်ကြီး - ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ တာကော်-မိုင်းပျဉ်း - ကျိုင်းတုံ လမ်းအပိုင်း ၁၇၉ ဒသမ ၀၄ ကီလိုမီတာကို ကတ္တရာကွန်ကရစ် ဒသမ ကီလိုမီတာ၊ ကွန်ကရစ်လမ်း ဒသမ ၃၁ ကီလိုမီတာနှင့် ကတ္တရာလမ်း ၁၆၇ ဒသမ ၉၃ ကီလိုမီတာရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော အရှည် ဒသမ ၃၆ ကီလိုမီတာရှိ ကျိုင်းတုံမြို့ရှောင်လမ်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ မှာကြားသည်။

 

အရှည် ဒသမ ၃၆ ကီလိုမီတာရှိ ကျိုင်းတုံမြို့ရှောင်လမ်းသည် မိတ္ထီလာ-တောင်ကြီး - ကျိုင်းတုံ- တာချီလိတ် လမ်းမကြီးမှ ဖြတ်သန်းမောင်းနှင်လာသော ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် မြို့တွင်း၌ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ဖောက်လုပ် နေခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်