နေပြည်တော်  ၄  ဒီဇင်ဘာ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ သောမက်စ်ကာလ်နိုင်ဇင်ကာ အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

3818256

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အကူအညီပေးရေးဆိုင်ရာကိစ္စ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ချေးငွေအာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။  

အဆိုပါတွေ့ဆုံပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်