နေပြည်တော် ၄ ဒီဇင်ဘာ
၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက် ၅၈/၄ဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းက ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ၂၀၁၂ ခုနှစ်တွင် အဆိုပါကွန်ဗင်းရှင်းကို တရားဝင် အတည်ပြုခဲ့၍ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို အခြားကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း အထိမ်းအမှတ် အခမ်းအနားကျင်းပသည်။
အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် တေးသရုပ်ဖော်ပြိုင်ပွဲများကိုလည်း ကျင်းပပြီး အထိမ်းအမှတ်နေ့တွင် ဆုပေးခြင်း၊ ကပြဖြေဖျော် ခြင်းများ ပြုလုပ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများကိုလည်း ကြည့်ရှုလေ့လာနိုင်ရန် ပြခန်းအစီအစဉ်ကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်တွင် ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်