ပဲခူး ၅ ဒီဇင်ဘာ
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဒီဇင်ဘာလ(၇)ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် အပြည်ပြည်ဆိုင်ရာ လင်ဂျူးတောင်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့မှဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ သံဃာအပါး(၅၀ဝ၀)ဆွမ်းဆန်စိမ်း လောင်းလှူ မည်ဖြစ်သဖြင့် ရွေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်အားခေတ္တပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
သံဃာအပါး(၅၀ဝ၀)ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်၊ သွေးဆေးကန်တိုက် ဓမ္မဝံသကျောင်းသစ်ဆရာတော် ဘဒ္ဒန္တကုသလ-အရှင်စင်တောက် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ)အားအမှူးထားပြီး ဟောင်ကောင်ရွှီ သစ်ကော်ပိုရေးရှင်မှ ရန်ကြိန်ရှင်း၊ ညတ်ရွှယ်လျန်း၊ ရိန်ကြိန်ရွှင်း၊ ကျန်းဝှေ့ရိ ရန်ကြိန့်ဟောတ်၊ ဝေ့ကျောင်းယူနှင့် အပြည်ပြည်ဆိုင်ရာလင်ဂျူးတောင် ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့မှဒါယကာ၊ ဒါယိကာမ များစုပေါင်းပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးမြို့နာ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများနှင့်အတူ လှူဒါန်း ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သံဃာအပါး(၅၀ဝ၀)ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်မည့် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်အား နံနက်(၇)နာရီအချိန်မှ ညနေ(၆) နာရီအချိန်ထိ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးပြည်သူများ ရင်ပြင်ပေါ်သို့ တက်ရောက် ဘုရားဖူးမြော်ကြည်ညို ခြင်းကို ခေတ္တပိတ် ထားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)