နေပြည်တော် ၅ ဒီဇင်ဘာ

 

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

အဆိုပါ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံများဖြစ်သည့် လက်ခုပ်ကုန်းမြို့ ဦးယဉ်စုဓာတ်အားခွဲရုံကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ဓာတ်အားခွဲရုံကို နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း အသီးသီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့အလင်း